Posted by
Phoo Phoo
On Thursday, September 16, 2010
| |
|
ဘက်ထရီရဲ့သက်တမ်းကို ထိန်းသိမ်းပေးနိုင်သည့် မျိုးဆက်သစ် Dual-Core processor အသုံးပြုထားသော စမတ်ဖုန်းသစ်များကို LG Electronics မှ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများမှာ LG ၏ Optimus စီးရီးများဖြစ်ပြီး Nvidia မှထုတ်လုပ်သော Tegra 2 Dual-Core ချစ်ပ်များကိုအသုံးပြုထားကာ 1080p high-definition ဗီဒီယိုများကို ကြည့်ရှုနိုင်စေကြောင်း LG မှ ကြေညာခဲ့သည်။ ယနေ့ခေတ်စမတ်ဖုန်းများတွင် Single-Core processor များကိုသာ အသုံးပြုထားပြီး 720p resolution ဗီဒီယိုများကိုသာ ထောက်ပံ့ပေးနိုင်သည်။ သို့ရာတွင် Dual-Core processor အသုံးပြုစမတ်ဖုန်းများကမူ videoconferencing ကဲ့သို့သော application များကို အသုံးပြုစေနိုင်ကြောင်း သိရသည်။ Optimus စမတ်ဖုန်းများတွင် 1GHz processor နှစ်ခုပါဝင်လာ မည်ဖြစ်ပြီး Single-Core 1GHz ချစ်ပ်များထက် ၀က်ဘ်အသုံးပြုခြင်းအတွက် နှစ်ဆ၊ ဂိမ်းကစားခြင်းအတွက် ငါးဆပိုမိုလျင်မြန်စေမည် ဖြစ်သည်။ ယနေ့ခေတ် အဆင့်မြင့်စမတ်ဖုန်းအချို့ဖြစ်သော Motorola Droid X, Apple iPhone 4 နှင့် HTC Evo 4G တို့တွင် 1GHz Arm processor များကိုသာ အသုံးပြုထားသည်။ Nvidia ကထုတ်လုပ်သည့် Tegra 2 ချစ်ပ်ကို Arm Cortex-A9 ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ပြီးခဲ့သည့်နှစ်ဇန်န၀ါရီလက tablet များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ LG ၏ Dual-Core processor အသုံးပြုစမတ်ဖုန်းများကို ယခုနှစ် စတုတ္ထလေးလပတ်အတွင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းစမတ်ဖုန်းများနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုမူ ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။ |
0 comments:
Post a Comment